Conference2024

Bawathit ရဲ့ The very first Conference ကြီးတော့ လာပါပြီ။ ဘ၀သစ်အသင်တော်းများအတွက် ကောင်းချီးဖြစ်ပြီး ရူပါရုံများကို သာ၍ချဲ့နိုင်ဖို့ ဘုရားထံမှ အသစ်သော ခွန်အား၊ အသစ်သောရူပါရုံ၊ အသစ်သော ဘိတ်သိတ်များကို အထူးခံစားရရှိစေမယ့် ကွန်ဖရင့်ကြီးဖြစ်ပါတယ်။

ဘ၀သစ်အသင်းတော်များသာမက တခြားပါဝင်လိုသူများကိုလည်း လူဦးရေကန့်သတ်နှင့်လက်ခံသွားမှာပါ။

နေရာကျဉ်းမြောင်းခြင်းကြောင့် လူအများကြီးမဆံ့သည့်အတွက် နာမည်စာရင်းပေးထားသူများကိုသာ လက်ခံပါဝင်ခွင့်ရမယ့် The Bawathit Conference ပါ။


Saya Saw Thiha ကတော့ The City Yangon နှင့်တခြားသော The City အသင်းတော်များရဲ့ ဦးဆောင် သင်းအုပ်ဆရာကြီးဖြစ်ပါတယ်။ ဘုရားက သူ့ကို ကြီးမားစွာအသုံးပြုခြင်းဖြင့် မြန်မာပြည် သာမက နိုင်ငံရပ်ခြားထိပါ ဘုရားရဲ့ ကောင်းကြီးမင်္ဂလာများကို သက်ရောက်စေဖို့ ဘုရားက အသုံးပြုသူဖြစ်ပါတယ်။

ဆရာစောသီက The Bawathit Conference မှာလာရောက်ပြီး ဘုရားနှုတ်ကပတ်တော်ကို ဝေငှပြီးလာရောက်သူအယောက်တိုင်းအတွက် ကောင်းချီးဖြစ်ရုံမက၊ လွတ်မြောက်ခြင်း၊ မိမိအသင်းတော်အတွက် ရူံပါအသစ်များကိုပါ ရရှိပြီး သာသနာတော်မှာ ဆက်လက်ရှင်သန်နိုင်ဖို့ ဘုရားအထူးဖော်ပြတဲ့ နှုတ်ကပတ်တော်ကို သယ်ဆောင်လာပေးမှာပါ။


Sayama Susanna Min ကတော့ Saya Saw Thiha နှင့် The City အသင်းတော်များကို ဦးဆောင်သူတစ်ဦးဖြစ်ရုံတင်မက သီချင်းရေးစပ်ခြင်း၊ ချီးမွမ်းကိုးကွယ်ခြင်းနှင့် နှုတ်ကပတ်တော်ဝေငှခြင်းများအားဖြင့် ဘုရားသခင်က ကြီးမားစွာအသုံးပြုနေတဲ့ ဆရာမတစ်ပါးဖြစ်ပါတယ်။ ဆရာမကတော့ The Bawathit Conference မှာ နှုတ်ကပတ်တော်လည်း ဝေငှအသုံးတော်ပြီး ချီးမွမ်းကိုးကွယ်ခြင်းအားဖြင့် အယောက်အတိုင်းအတွက် ကောင်းချီးဖြစ်စေဖို့ .. ဆက်ကပ်အသုံးတော်ခံပေးသွားမှာပါ။

မိမိအသက်တာမှာ ဘုရားကောင်းချီးနှင့်ပြည့်ရုံမက ဘုရားထံမှ လွတ်မြောက်ခြင်းတွေကိုပါ ရရှိစေဖို့ ဘုရားက ကြီးမားစွာအသုံးပြုမယ့် ဆရာမပါ။ လာရောက်ပါဝင်မယ့် အယောက်တိုင်းအတွက် ကောင်းချီးခံစားရဖို့ သေချာပါတယ်။


Saya Sangpi ကတော့ တေးရေး၊ တေးဆိုလည်း ဖြစ်သလို Hallelujah Worship Center ရဲ့ သင်းအုပ်ဆရာတော်လည်းဖြစ်ပါတယ်။ ဘုရားသခင်က သီချင်းရေးစပ်ခြင်း၊ သီဆိုခြင်းနှင့် ချီးမွမ်းကိုးကွယ်ခြင်းများတွင်သာသာမက နှုတ်ကပတော်ဝေငှခြင်းမှာလည်း အထူးဘိတ်သိတ်ထားတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်။

The Bawathit Conference မှာ လည်း နှုတ်ကတော်ဝေငှခြင်း၊ သီချင်းများသီဆိုဦးဆောင်ခြင်းရုံမကဘဲ အယောက်တိုင်းကို ဆုတောင်းပေးခြင်းဖြင့် ဘုရားသခင်က ကြီးမားစွာ အသုံးပြုပေးမယ့် ဆရာတော်ဖြစ်ပါတယ်။


Saya Robin Kung ကတော့ Bawathit Yangon ရဲ့ Lead Pastor ဖြစ်ပြီး ဘ၀သစ်အသင်းတော်များရဲ့ ဦးဆောင်သူတစ်ဦးလည်းဖြစ်ပါတယ်။ ပျောက်ဆုံးသူများကို ရှာ၊ ရှာတွေ့ပြီးသူများကို မွမ်းမံပြီး မွမ်းမံပြီးသူများကို ပြန်စေလွှတ်ရန် ဆန္ဒပျင်းပြသူတစ်ဦးဖြစ်ပါသည်။ သင်းအုပ်အလုပ် လုပ်ခြင်းနှင့်အတူ ယုံကြည်သူများ ခိုင်ခံ့စေရန် သမ္မာကျမ်းစာသင်ကြားခြင်း၊ လူတိုင်းသာ၍ကောင်းသော ဘ၀ကိုပိုင်ဆိုင်စေရန် ကိုယ်ပိုင်အသက်တာ စီမံခန့်ခွဲခြင်း (Personal Life Management) ပညာ နှင့် Personal Leadership – မိမိကိုယ်ကို ဦးဆောင်ခြင်း ပညာများကို သင်ကြားပို့ချနေသူလည်းဖြစ်ပါတယ်။


သင်တန်းအတွက် နေရာအကန့်အသတ်ရှိပါသဖြင့် တက်ရောက်ခွင့် ရမရကို ပြန်လည်ဆက်သွယ်ပေးပါမည်။

တက်ရောက်ခွင့်ရရှိပါက သင်တန်းကြေးနှစ်ရက်စာ ၅၀၀၀ ကျပ်ကို သွင်းရပါမည်။ သင်တန်းကာလတွင် နေ့လည်စာ ကို ပြင်ဆင်ထားပါမည်။

သင်တန်းကြေးသွင်းရန် 0943135826 | Paing Za Thawng သို့ Kpay ဖြင့် ပို့ပေးရပါမည်။ ပို့သည့်အခါ မှတ်ချက်ကို (Note) BC24 လို့ ရေးပေးပါရန်။

မိမိနာမည်စာရင်းပေးသွင်းရန် ဒီမှာတစ်ချက်နှိပ်လိုက်ပါ။

အဖွဲ့လိုက် စာရင်းပေးသွင်းရန် ဒီမှနှိပါပေးလိုက်ပါ။

တခြားထပ်သိချင်တာများ၊ စုံစမ်းချင်တာများရှိရင် 09250388422 ကို ဆက်သွယ်ခြင်းအားဖြင့်သော်လည်းကောင်း၊ HelloBawathit@gmail.com ကို Email ပို့ခြင်းအားဖြင့်သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Venue : အမှတ် ၄၀၀၊ န၀ရတ် (၂)လမ်း၊ စဉ့်ငူရပ်ကွက်၊ အင်းစိန်မြို့နယ်။ ရန်ကုန်။ ကားမှတ်တိုင် — ၁ ဂိတ်မှတ်တိုင်၊ စောင်၂ မှတ်တိုင်၊ (အင်းစိန်ဖော့ကန်ရောက်တဲ့ကားရမယ်။ ) Google Map Link